မွန်ပြည်နယ်

မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် ၂ဝ၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော သင်တန်းသား/သူများအား Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ စိန်ပန်းစျေး​သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် စိန်ပန်းစျေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက အ.လ.က (သင်္ဘောဦး)၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသော “သင့်ဘဝအောင်မြင်ရေးလှေကားထစ်များ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ကျိုက်ထိုမြို့ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့‌ကော်ရပ်ကွက်ရှိ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့ရှိ ကျေးရွာသုံးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက ကော့လှ၊ ကော့ခပုံ၊ ကော့ခိုက် ကျေးရွာသုံးရွာ၌ ထုတ်ချေးပေးသည်။

သထုံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board စိုက်ထူ

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အောက်ကျင်းရပ်ကွက်၊ သုဝဏ္ဏဈေးအရှေ့ရှိ၊ ရန်ကုန်-‌မော်လမြိုင် အဝေး‌ပြေးကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲဝင် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲ ယှဉ်ပြိုင်နေမှုကြည့်ရှုအားပေး

၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကို ဇွန် ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် မွန်ပြည်နယ်ဘောလုံးအသင်းနှင့် ရောင်နီကလပ်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နိုင်လယိတမ၊ ပြည်နယ်ဆားလုပ်ငန်းရုံး ပြည်နယ်ဦးစီးမှူး ဦးခင်ဝင်း၊ ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်ဇော်၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းထိုက်၊ တောင်ကိုရီးယားနိုင်ငံသား Mr. Yoo နှင့် ဒေါ်မိုမိုချိုဝင်း (ဘာသာပြန်) တို့မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပညာရေးဌာနမှ ဒဿမအကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ (၂)နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့‌သော အသက် (၆၆)နှစ်ပြည့် ပညာရေးဝန်ထမ်းများအား ဒဿမအကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်