ကျိုက်ထို မေ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇင်လင်းတို့မှဦးဆောင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်အတွင်း ပြည်နယ်အစိုးရရန်ပုံငွေ (၁၁.၆၀၀) သန်းဖြင့် (၁၁၅’×၁၂’×၆”) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ (၁၆.၈၀၀) သန်းဖြင့် (၂၀၀၀ စ/ပေ) လမ်းဆုံနေရာများ၌ ကွန်ကရစ်ဖြည့်ခြင်းလုပ်ငန်း၊ (၇.၁၀၀) သန်းဖြင့် (၆’×၁၅’×၃’) ကွန်က ရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တည်ဆောက်နေမှုများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)