မုဒုံ မေ ၁၉
မွန်ပြည်နယ် မုဒုံမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်) မှ ကြီးမှူးကျင်းပသော အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖြေဌာန (၄) ခု၌ ကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲဖြေဆိုမှုကို မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စကိစ္စရပ်များနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦးက ယဥ်ကျေးမှုကျင့်ဝတ်ဘာသာ၊ ဗုဒ္ဓဘာသာမြန်မာစာဘာသာ၊ အခြေခံအဘိဓမ္မာဘာသာရပ်များကို သုံးရက်ကြာဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)