မွန်ပြည်နယ်

မုဒုံမြို့၌ စဥ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများတွင် စာသင်သား ၈၆၀ အား သင်ကြားပို့ချ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားများ ဒေသတွင်း စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန်အတွက် စဥ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက သင်ကြားပို့ချပေးလျက်ရှိသည်။

မုဒုံမြို့၌ တီဘီရောဂါတိုက်ဖျက်ရေး နယ်လှည့်ရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နယ်လှည့်တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့မ(၁)ရပ်ကွက်ရှိ ရှမ်းကျောင်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းစိတ်ဓာတ်ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ ပြည်နယ်မီးသတ်ဦးစီးဌာန၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်နယ်မီးသတ်ဦးစီးဌာန၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (ညောင်ကုန်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများသင်ကြား​နေမှုအား မြို့နယ်တာဝန်ရှိသူများမှ သွား​ရောက်ကြည့်ရှု

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်အတွင်း စဉ်ဆက်မပြတ်ပညာရေးသင်ကြားနေသည့် စာသင်ဝိုင်းများသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ယ​နေ့နံနက်ပိုင်းတွင် စုရပ်အသီးသီးသို့ သွားရောက် ကြည့်ရှုခဲ့ကြ​ပြီး လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ဆံတော်ရှင်ကျိုက်သုတ် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း (မြိုင်သာယာ)၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာယာအေးရပ်ကွက် “လင်းရောင်ခြည်” စာကြည့်တိုက်  ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်မော်လမြိုင်မြို့၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “လင်းရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ သာယာအေးရပ်ကွက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားပို့ချနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများကို ဖေဖော်ဝါရီ(၁)ရက်နေ့က စာသင်းဝိုင်းစုရပ်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်