သံဖြူဇရပ်၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာ​မေးပွဲတွင် စာ​အောင်သံဃာ​တော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

သံဖြူဇရပ် ဇွန် ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ် စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသောစာဖြေသံဃာတော်များ၏ စူဠဘွဲ့နှင်းသဘင် ဆု‌ပေးပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာ​တော်ဘဒ္ဒန္တသီလာစာရအမှူးရှိ​သော ဆရာ​တော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး​အောင်မိုးလွင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ YMBA အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတက်​ရောက်ခဲ့ကြရာ၊ န​မောတဿသုံးကြိမ်ရွတ်ဆိုဘုရားက​တော့၍ ဖွင့်လှစ်​ပေးပြီး၊ ကျုံကဒတ်​ကျေးရွာပရိယတ္တိ စာသင်တိုက်ဦးစီးပဓါန နာယကဆရာ​တော်ဘဒ္ဒန္တဦးကုသလထံမှ ငါးပါးသီလခံယူပြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦး​အောင်မိုးလွင်က သာသနာ​ရေးဆိုင်ရာများအား ​လျှောက်ထားတင်ပြသည်။

ထို့​နောက် ၂၀၂၅ ခုနှစ်ခုနှစ် ပါဠိပထမပြန်စာ​မေးပွဲ ကြီးကြပ်​ရေးအဖွဲ့ဆရာ​တော်များအား နဝကမ္မအလှူ​ငွေများ ဆက်ကပ်လှူဒါန်းပြီး၊ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာ​မေးပွဲ ​ဖြေဆို​အောင်မြင်​တော်မူကြ​သော စာ​အောင် ရဟန်း၊ သာမ​ဏေ၊ သီလရှင် စုစု​ပေါင်း(၂၄၄)ပါးအား ​အောင်လက်မှတ်နှင့် နဝကမ္မဝတ္ထုအလှူ​ငွေများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)