ကျိုက်မရော ဇွန် ၁၂
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အ.မ.က ကလိုင်းကနိုင်အပေါ်ရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကအပေါ် ရွာကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ငြိမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန် စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအချက်များကို ပညာပေးဟောပြောခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ပညာပေးပြခန်းကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)