သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းဖွင့်လှစ်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အဆိုပါစာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။