ပေါင်မြို့နယ်၌  ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့်  စာအောင်သံဃာတော်များ ဂုဏ်ပြု ပူဇော်သော  စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပေါင် ဇွန် ၁၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် ၂၀၂၄ခုနှစ်၊စာအောင်သံဃာတော်များအား   ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက၊ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့ရာ  မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တစ‌န္ဒောဘာသ နှင့်ပင့်ဖိတ်ဆရာတော်ကြီးများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ စာအောင်သံဃာတော်များနှင့် စာအောင် သီလရှင်များ၊ဌာနဆိုင်ရာများ၊စေတနာရှင်ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပေးကာ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒန္တစ‌န္ဒောဘာသက ငါးပါးသီလခံယူဆောက်တည်ကြပြီး  ဩဝါဒကထာ ချီးမြှင့်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က ဘွဲ့တံတဆိပ်တော်များနှင့်   နဝကမ္မဝတ္ထုငွေ များ ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီး၂၀၂၄ ခုနှစ် စာအောင်သံဃာတော် ပထမကြီးတန်းအောင်(၁)ပါး၊ပထမလတ်တန်းအောင်(၄)ပါး၊ပထမငယ်တန်းအောင်(၂၀)ပါး၊အခြေပြုမူလတန်းအောင်(၇၀)ပါး၊စုစုပေါင်း(၉၅)ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဆုများဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)