ကျိုက်မရော ဇွန် ၁၂
ကျိုက်မရောမြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (ကလိုင်းကနိုင်)၌ ပြုလုပ်သည်။
အခမ်းအနားတွင် အ.မ .က မူလွန် ကလိုင်းကနိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် တာဝန်စသည်တို့ကို ပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏မေးခွန်းများမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးပြခန်းနှင့် မူးယစ်ဆေးဝါး ပညာပေးပြခန်းများကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြသည်။
ချိုမြတ်မြတ်ထွေး