ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

ပေါင် ဩဂုတ် ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ဩဂုတ် ၁၆ ရက်နေ့က ဖြူဘကျေးရွာ၊ ဖြူဘ-သဲကုန်းလမ်းပေါ်ရှိ ရင်းငြိမ်ချောင်းကူးတံတား၌ ကျင်းပခဲ့ရာ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းမင်း၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၃၀၀၀၀) အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)