တီးတိန်မြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တတိယအကြိမ်အခြေခံစားသောက် ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူ လူထုအား အခြေခံစားသောက်ကုန် ပစ္စည်းများကို ယနေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ ဈေးနှုန်းသက်သာစွာဖြင့် တတိယ အကြိမ် ရောင်းချခဲ့ကြောင်း သိရသည်။