ချင်းပြည်နယ်

တွန်းဇံမြို့တွင် အခြေခံစားသောက်ကုန်များအား  ဒုတိယအကြိမ် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍  ဒုတိယအကြိမ်အခြေခံစားသောက်ကုန်များအား လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်ကခေါ်ဝုန် လေးဆန်း ရပ်ကွက်ရှိ ချင်းရွှေပြည်ခန်းမတွင်  ရောင်းချပေးခဲ့သည်။

ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဒေသခံပြည်သူများ၏ လက်ရှိကြုံတွေ့နေသော အခက်အခဲများ၊ မရှင်းမလင်းဖြစ်နေသည့် အချက်များကို သိရှိပြီး အမြန်ဆုံး ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်ရှိ ခိုင်ကမ်းအားကစားရုံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကိုကို ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေး

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း ပရဝဏ်အတွင်း၌ စုပေါင်း သန့်ရှင်းရေး ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ဒုတိယအကြိမ်မြောက် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟားခါးမြို့ရှိ အခြေခံပြည်သူများ၏ နေ့စဉ်ဘဝ စားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူ စားသောက်နိုင်စေရန် အခြေခံစားသောက်ကုန်များကို စက်တင်ဘာလ ၁၀ ရက် နံနက် ၈ နာရီမှစတင်၍ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

ဟားခါးမြို့၌ ဒုတိယအကြိမ်မြောက် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟားခါးမြို့ရှိ အခြေခံပြည်သူများ၏ နေ့စဉ်ဘဝ စားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် အခြေခံစားသောက်ကုန်များကို စက်တင်ဘာလ ၁၀ ရက် နံနက် ၈ နာရီမှစတင်၍ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

မင်းတပ်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်‌ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီ အချိန်က စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တီးတိန်နှင့် ပလက်ဝခရိုင်ရုံးများ မြေနေရာရရှိရေးနှင့် ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ်အတွင်း အသစ်တိုးချဲ့ဖွဲ့စည်းထားသော တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်ရုံးများအတွက် မြေနေရာရရှိရေးနှင့် ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိသော သံဃာတော်များနှင့် သီလရှင် ဆရာလေးများအား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခ

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး သာသနာပြုလျက်ရှိကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊သုခိတာရုံသာသနာပြု သီလရှင်ကျောင်း၊ သိန်းရတနာဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်