တွန်းဇံ နိုဝင်ဘာ ၁၇
ချင်းပြည်နယ် တွန်းဇံမြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲ့နေ့ သဝဏ်လွှာဖတ်ကြားခြင်း နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်က ဖတ်ကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲ(ထက်၊လယ်၊မူ)ဆင့်နှင့် ကျပန်းစကား ပြောပြိုင်ပွဲ(ထက်၊လယ်)ဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ(၁၅)ဦးအား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ကြသည့် ကျောင်းသူကျောင်းသားများ စုစုပေါင်းအင်အား(၁၀၁)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)