တီးတိန်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

တီးတိန် နိုဝင်ဘာ ၁၇

ချင်းပြည်နယ် တီးတိန်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တီးတိန် အထက- ၁ စံကိုက်ညီခန်းမတွင် ယနေ့ ၉ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။

အခန်းအနားတွင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ဖိတ်ကြားသည်။

ဆက်လက်၍ အထက-၁ ကျောင်းသူ ကျောင်းသားများက “ဇာတိမာန်” သီချင်းကို အဖွင့်သီချင်းအဖြစ် သီဆိုကြသည်။

ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများဖြစ်သော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိင်ပွဲ၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲဖြစ်သော စားပွဲတင်တင်းနစ်(ကျား၊မ)၊ တင်းနစ်(ကျား၊မ)၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်(ကျား၊မ) ပြိုင်ပွဲများတွင် ဆုရရှိသူများအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်း၊ ခလရ(၂၆၉) ယာယီတပ်ရင်းမှူး ဗိုလ်မှူးတင်အောင်ဟိန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျာင်းသူများက “ပြည်မြန်မာ”သီချင်းကို အပိတ်သီချင်းအဖြစ် သီဆိုခဲ့ကြကြောင်း သိရသည်။

မိုးမိုး