ဟားခါး နိုဝင်ဘာ ၈
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုဝင်ဘာလ ၅ ရက်နေ့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲကြောင်း သိရသည်။
သွေးလှူဒါန်းရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦးက သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် ဝန်ထမ်းများကို ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အားဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်ရုံး ၊ ဟားခါးမြို့