ဖလမ်းမြို့၌ အောင်ခြင်း(၈)ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အတွင်းအောင်ခြင်း(၈)ပါး အပြင်အောင်ခြင်း(၈)ပါးပါဠိနှင့် ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်ရွတ်ပွားပူဇော်ခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူဓာတ်ပေါင်းစုဆုတောင်း ပြည့်စေတီတော်၌ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။