တီးတိန် ဇန်နဝါရီ ၂၅
ချင်းပြည်နယ်တီးတိန်မြို့၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် Booster Sinoparm ထိုးနှံခြင်းကို အ.ထ.က(၁) စံကိုက်ညီကျောင်းဆောင်၌ ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံမှု အခြေအနေအား တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် Sinopharm ထိုးနှံကြမည့် ကျောင်းသား/ကျောင်းသူများအား မုန့်များတိုက်ကျွေးသည်။
တီးတိန်အထက(၁)ကျောင်းမ ှကျောင်းနေအသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဒေါ်ဒိုင်းခန့်ဒိမ့်
မြို့နယ်(ပြန်/ဆက်)