ဖလမ်း ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အတွင်းအောင်ခြင်း(၈)ပါး အပြင်အောင်ခြင်း(၈)ပါးပါဠိနှင့် ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်ရွတ်ပွားပူဇော်ခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူဓာတ်ပေါင်းစုဆုတောင်း ပြည့်စေတီတော်၌ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိတောင်ပေါ် ကျောင်းနှင့်ဇမ္ဗူထွဋ်ခေါင်ရုပ်ပွားတော်မြတ်တို့တွင် နံနက် ၈နာရီမှ ၈နာရီမိနစ် ၃၀ အထိဆရာတော် ဦးသိက္ခာစာရအမှူးပြုသော သံဃာတော် ခုနှစ်ပါးနှင့်ခရိုင်မြို့နယ်ဌာန ဆိုင်ရာဗုဒ္ဓဘာသာဝင်ဝတ်ရွတ်အသင်းတို့က အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးနှင့် ဓဇဂ္ဂသုတ်ပရိတ် တော်မြတ်အားရွတ်ပွားပူဇော်ခဲ့ကြရာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဗုဒ္ဓဘာဝင်များကတက်ရောက်ကြည်ညို ပူဇော်နာယူ ခဲ့ကြပြီး ဆရာတော်သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ဆက်လက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖလမ်းမြို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များသည် မွန်းလွဲ ၂ နာရီမှညနေ ၁၅ နာရီအထိ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိ ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်မြတ်ကို ပြည်သူများစိတ်အေးချမ်း သာစွာဖူးမြှော်ကြည်ညိုနိုင်ရန် အတွက်စေတီတော်ရင်ပြင်တော် ဆေးကြောခြင်း၊ တန်စောင်းနှင့်စေတီတော်ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအောင်ခြင်း(၈)ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အားရွတ်ပွားခြင်းနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်တက်ရောက် ကောင်းမှုကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်