မင်းတပ်မြို့၌ စတုတ္ထအကြိမ် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး

မင်းတပ် ဇန်နဝါရီ ၂၁

ချင်းပြည်နယ်၊ မင်းတပ်မြို့၌  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင်  တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်း ချိုသာစွာဝယ်ယူနိုင်ရန်  ယနေ့နံနက် နာရီခွဲ အချိန်က  စံပြရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။

ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ပစ္စည်း(၁၁)မျိုးနှင့် ဟင်းသီးဟင်းရွက်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည် ၈၀၀/-ကျပ်၊ ပဲဆီ တစ်ပိဿာ ၉၀၀၀/-ကျပ်၊ ဆားတစ်ထုပ် ၄၀၀၊ ငါးပိတစ်ထုပ် ၈၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀/-ကျပ် ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀/-ကျပ်၊ ယမ်ယမ် တစ်ပါကင် ၄၀၀၀၊ ကြက်ဥ တစ်လုံး ၂၀၀၊ နွားနောက်သား တစ်ပိဿာ ၁၃၀၀၀/-ကျပ်၊ ဝက်သားတစ်ပိဿာ ၁၀၀၀၀/-ကျပ်၊ အာလူးတစ်ပိဿာ ၂၅၀၀/- ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)