တီးတိန် ဇန်နဝါရီ ၂၆
ချင်းပြည်နယ်တီးတိန်ခရိုင်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းစေရေးအတွက် မြို့မထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတွင် ကျောင်းထိုင်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တဝါသေဋ္ဌမှ ယနေ့နံနက် (၀၈၁၀)အချိန်မှ (၀၈၃၀)အချိန်ထိ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း (၈)ပါးဂါထာတော်များအား ပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြောင်း သိရသည်။
အလားတူခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝင်းသန်းတို့ ဦးဆောင်ပါဝင်သည့် ဗုဒ္ဓဘာသာဌာနဆိုင်ရာ (၁၈)ဦးမှလည်း တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရားခန်းမတွင် အပြင်အောင်ခြင်း (၈)ပါး လင်္ကာရွတ် ဖတ်ပူဇော်ပွဲအား နံနက် (၀၈၁၀)နာရီအချိန်မှ (၀၈၃၀)အချိန်ထိ ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိသည်။
ဒေါ်ဒိုင်းခန့်ဒိမ့်(ဦးစီးအရာရှိ)