ဟားခါး ဇန်နဝါရီ ၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ ဟားခါးခရိုင်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းစေရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်က ဆရာတော် ဦးဉာကုတ္တရအမှူးပြုသော သံဃာတော် ၅ ပါးတို့က အတွင်းအောင်ခြင်း (၈) ပါး၊ အပြင်အောင်ခြင်း ( ၈ ) ပါးနှင့် ဓဇဂ္ဂသုတ်ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
အလားတူ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် သာသနာရေးဝန်ထမ်းများက အပြင်အောင်ခြင်း(၈)ပါး မြန်မာပြန်နှင့်ဓဇဂ္ဂသုတ်ပါဠိတော်များကို တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက်)