ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ရောင်ခြည်စေတီတော် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟားခါး       ဇန်နဝါရီ      ၂၇

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ရောင်ခြည်စေတီတော်အား အများပြည်သူ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင် ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက သာသနာ့ရောင်ခြည်စေတီတော် ပုရဝုဏ်အတွင်းရှိ အမှိုက်ကောက်ခြင်း ၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုရဝုဏ် အတွင်း တံမြက်ဆည်းလှည်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )