တီးတိန်မြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် စားသောက်ရေးအထောက် အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူလူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများ၊ စတ္ထုအကြမ် ရောင်းချခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေ့လယ်၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ ဈေးနှန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။