ဖလမ်း စက်တင်ဘာလ ၂၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက လူနေအိမ်တစ်လုံးပေါ်တွင် မြေပြိုကျပြီး နံရံအက်ကွဲပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျင်မွာလ်ရပ်ကွက်၊ ဗန်ကာအိုလမ်းနေ ဦးခွာထီးယို၏ နေအိမ်အုတ်ညှပ် (၁) ထပ်အဆောက်အဦအနောက်ဘက်တွင် မြေပြိုကျမှုကြောင့် နေအိမ်အနောက်ဘက်ခြမ်း (၁၀’x၈’x၁၃’) နံရံအက်ကွဲပျက်စီးသွားခဲ့ကြောင်း သိရသည်။
မြေပြိုကျမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများက မြေစာများဖယ် ရှားရှင်းလင်းခြင်းဆောင်ရွက်ကြရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါမြေပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် နောက်ထပ်မြေပြိုကျနိုင်မှု အခြေအနေမရှိခြင်းကြောင့် ဦးခွာထီးယိုနှင့်မိသားစုဝင် (၅) ဦးသည် ၎င်းနေအိမ်တွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။
ရဲမြင့်အောင်