ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ကျင်းပ

ဟားခါး စက်တင်ဘာ  ၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟားခါးခရိုင်ဦးစီးမှူး ဦးအမ်းအင်းလမ်းက ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတများ ပြည့်စုံကြွေဝပြီး ကာယ၊ ဉာဏ၊ စရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုစေရန် ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )