ဖလမ်းမြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ဖလမ်း စက်တင်ဘာ ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ တိုးတက်ရေးနှင့် အတွေးအမြင်ကောင်း များရရှိစေရန်၊ အနာဂတ်၏ သားကောင်းရတနာများဖြစ်သည့် လူငယ်များ အသိပညာ သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိသည့် ဗလငါးတန်ဖွံ့ဖြိုးနိုင်ရန် ရည်ရွယ်၍ လူငယ် အသိပညာပေး ဟောပြောပွဲ ကို စက်တင်ဘာလ ၈ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

လူငယ်အသိပညာပေး ဟောပြောပွဲတွင် ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က လူငယ်နှင့် မျက်မှောက်ခေတ်စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးဝင်းက မှုခင်းကျဆင်းရေးနှင့် ဥပဒေပြစ်မှု ပြစ်ဒဏ်များ သိ‌ကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယရဲမှူး သိန်းဇော်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ဥပဒေပြစ်မှုပြစ်ဒဏ်များနှင့် အရွယ်မရောက် သေးသူ ကလေးသူငယ်များ အားစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာ ရေးမှူး ဦးဟုမ်ဇထန်းက လူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဦးဗန်ဘွဲ့သျှန်က ဆယ်ကျော်သက် အရွယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ဝင်တစားနားထောင် မှတ်သားခဲ့ကြသည်။

ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက အားကစားပစ္စည်းများပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဗန်နေသျှဲမ်းက လက်ခံ ရယူ သည်။

ဟောပြောပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြိုနယ် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဗန်နေသျှဲမ်းနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲမြင့်အောင်