ဟားခါးတက္ကသိုလ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၂)၌ ကျင်းပရာ ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့သည်။