တီးတိန်မြို့၌အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

တီးတိန် ဇန်နဝါရီ ၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေခန်းမ၌ပြုလုပ်သည်။

ရှေးဦးတွင် တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အဖွင့်အမှာစကားပြောကြားကာ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဒိုင်းခန့်ဒိမ့်က ရှင်းလင်းတင်ပြသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများတက်ရောက်ကြသည်။ အခမ်းအနားမှူးသင်တန်း၌ ဌာဆိုင်ရာများမှသင်တန်းသူ ၄၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ဒိုင်းခန့်ဒိမ့် (ဦးစီးအရာရှိ)