တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တွန်းဇံ ဇန်နဝါရီ ၂၇

ချင်းပြည်နယ် တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ တွန်းဇံမြို့နယ် ဗျဲလ်ကျင်း‌ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ တွန်းဇံမြို့နယ် ဗျဲလ်ကျင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)လုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်အိမ်ရာ (သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း)တစ်လုံး၊ (၂)ခန်းတွဲအိမ်သာ (သွပ်မိုး၊အုတ်စီ)တစ်လုံးနှင့် ခြံစည်းရိုးကာရံမှု လုပ်ငန်းများအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗျဲလ်ကျင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် တီးတိန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တခရိုင် ဦးစီးမှူး ဒေါ်ကျိန်ဒိုးလျန်းနှင့်ဝန်ထမ်းများ၊ တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထောင်းခန့်ခိုင်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနထံမှ သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)