တွန်းဇံမြို့တွင် ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာစီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာ "ဝဥ" စိုက်ပျိုးရေးအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းများအား တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။