ကျေးရွာကုန်ထုတ်လမ်း ရေမြောင်းနှင့် ရေထုတ်ပြွန် လုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး

တွန်းဇံ ဖေဖော်ဝါရီ  ၁၆

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးမွီကျေးရွာအုပ်စု၊ ဆဲလ်ဘုန်းကျေးရွာ၌ ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်း၊ ရေမြောင်းနှင့် ရေထုတ်ပြွန်(၃)စင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထောင်းဆွမ်းမုန်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ (၁၄)နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ဆဲလ်ဘုန်းကျေးရွာ၌ ဖောက်လုပ်သည့် ကျေးရွာကုန်ထုတ်လမ်းမှာ အကျယ်(၁၂)ပေ၊ အရှည်(၇/၀) မိုင်ရှိပြီး ၎င်းကုန်ထုတ်လမ်းပေါ်ရှိ ရေမြောင်း(၁ ပေ ၆ လက်မ × ၁ ပေ ၆လက်မ) နှင့် ရေထုန်ပြွန် (၁၈‌××၄) ပေ (၃) စင်းတည်ဆောက်မှု လုပ်ငန်းများအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဌာ‌ရေးနှစ် ငွေလုံးငွေရင်း (ပြည်နယ်) ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉၀.၈၇၉၅)သန်းဖြင့် STAR T.L BROTHER Co., Ltd မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါ တွီးမွီကျေးရွာအုပ်စု၊ ဆဲလ်ဘုန်းကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းအားဖြင့် ဆဲလ်ဘုန်းကျေးရွာနေ ဒေသခံတောင်သူများအတွက် တောင်ယာလုပ်ငန်းများမှ ထွက်ရှိသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ကျေးရွာသို့ အလွယ်တကူ သယ်ဆောင်နိုင်သဖြင့်   များစွာအကျိုးခံစားရကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

 ဇိုဇွန်းပါလ် (ပြန်/ဆက်)