ဟားခါး ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၇) ဦး၊ အလယ်တန်းအဆင့်တွင် (၂၆)ဦး၊ ကဗျာပြိုင်ပွဲ အထက်တန်းအဆင့်တွင် (၉) ဦး၊ အလယ်တန်းအဆင့်တွင် (၂၇) ဦး၊ ပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်တွင် (၇) ဦး၊ အလယ်တန်းအဆင့်တွင် (၂၀)ဦး မူလတန်းအဆင့် တွင် (၆၈) ဦး၊ ကာတွန်းပြိုင်ပွဲ အထက်တန်းအဆင့်တွင် (၆) ဦး၊ အလယ်တန်းအဆင့်တွင် (၁၁) ဦးနှင့် မူလတန်းအဆင့်တွင် (၂၁) ဦး စုစုပေါင်း (၂၀၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ချင်းပြည်နယ်ပညာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )