တီးတိန်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စု‌နေ့ န်ိင်ငံတော်အလံတင် အခမ်းအနား ပြုလုပ်ကျင်းပ

တီးတိန် ဖေဖော်ဝါရီ ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတင် လွှင့်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၅)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်စံကိုက်ညီ‌ ကျောင်းဆောင်တန်းစီကွင်းတွင် ပြုလုပ်သည်။

နိုင်ငံတော်အလံတင် လွှင့်ထူခြင်း အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်ပြီး အလံတော်လွှင့်တင်ခြင်းနှင့် အလေးပြုခြင်းများ ဆောင်ရွက်ကြသည်။

 ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

 ဒေါ်ဒိုင်းခန့်ဒိမ့်(ပြန်/ဆက်)