ဟားခါးမြို့၌ လူနေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား၊ မီးဘေးသင့်အိမ်ထောင်စုများအား ချင်းပြည်နယ်အစိုးရနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှထောက်ပံ့
ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်၌ ယမန်နေ့ နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရ သည်။