ဟားခါးမြို့၌ ၂၀၂၄−၂၀၂၄ ခုနှစ် ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက် ကော်ဖီမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

ဟားခါး မတ် ၁၄

၂၀၂၄−၂၀၂၅ ခုနှစ်အတွင်း ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ကော်ဖီမျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဟားခါးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ၊ ထန်တလန်မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူးနှင့် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်မှ ကော်ဖီစိုက်တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ဟားခါးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက အဖွင့်အမှာစကားပြောကြားပြီး ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဟုန်းကီးက ကော်ဖီမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း၏ ရည်ရွယ်ချက် ၊ဒေသနှင့်ကိုက်ညီမည့် ကုန်းမြင့်ကော်ဖီ အာရေဗီကာကော်ဖီမျိုးစေ့ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ တောင်သူများ သိရှိလိုက်နာသင့်သည့် အချက်များ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသနှင့်ကိုက်ညီမည့် ကုန်းမြင့်ကော်ဖီ အာရေဗီကာကော်ဖီမျိုးစေ့များကို ဟားခါးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း၊ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင် ၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဟုန်းကီ ၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများက ပေးအပ်ရာ ကော်ဖီစိုက်တောင်သူများဖြစ်ကြသည့် ဦးငွန်သုန်း၊ ဦးရှယ်ထန်း၊ ဦးထလာထန်း၊ ဦးထောင်လွှဲ၊ ဦးဘန်ဘွေထောင်းနှင့် ဒေါ်ရှန်ငွန်ဆီးတို့က လက်ခံရယူကြပြီး တောင်သူများကိုယ်စား ဦးငွန်သုန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကော်ဖီမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတွင် ဟားခါးမြို့နယ်မှ တောင်သူ (၁၂) ဦးနှင့် ထန်တလန်မြို့နယ်မှ တောင်သူ (၁၆၀) ဦးတို့အတွက် ကုန်းမြင့်ကော်ဖီ အာရေဗီကာ ကော်ဖီမျိုးစေ့ (၁၀၀) ထုပ် ထုတ်ပေးခဲ့ကြောင်း ၊ မျိုးစေ့ (၁) ထုပ်လျှင် (၂) ဧကနှုန်းဖြစ်ပြီး ယနေ့ ထောက်ပံ့ပေးအပ်သည့် ကော်ဖီမျိုးစေ့သည့် ဧက (၂၀၀) စာဖြစ်ကြောင်း ၊ ဟားခါးခရိုင်၏ တစ်နှစ် ပတ်လုံး ပျမ်းမျှမိုးရေချိန် ၇၀ လက်မ ၊ မိုးရွာသွန်းရက် (၁၀၈) ရက် ၊ မြေအချဉ်/အငံဓာတ် pH မှာ ၄ ဒသမ ၅ မှ ၆ ဒသမ ၅ အကြားရှိပြီး ကော်ဖီကြိုက်နှစ်သက်သည့် ရာသီဥတုနှင့် မြေအမျိုးအစားနှင့် ကိုက်ညီမှုရှိကြောင်းနှင့် လက်ရှိတွင် ဟားခါးခရိုင်အတွင်း ကော်ဖီ (၁၂၄)ဧက စိုက်ပျိုးလျက်ရှိကြောင်း ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)