တီးတိန်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးခြင်းများ ပြန်လည်ဆောင်ရွက်

တီးတိန်  သြဂုတ်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်များကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ပြန်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်များတွင် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်များ မှတ်တမ်းရယူခြင်း လုပ်ငန်းများ ပြန်လည် ဆောင်ရွက် ကြသည်။

အဆိုပါ လုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် တီးတိန်မြို့ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်မှုအသင်း (Volunteer)တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)