တီးတိန်၌ ၂၀၂၀ ပြည့်နှစ် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ပြုလုပ်

တီးတိန်  သြဂုတ် ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှစိုးက အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မြင့်နိုင်မှ အာဟာရ ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများ ရှင်းလင်းပြောကြားသည်။

ထို့နောက် စံပြမိခင်၊ မွေးကင်းစမှ ၆ လ၊ ၆ လမှ ၁ နှစ်၊ ၁ နှစ်မှ ၂ နှစ် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားတွင် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော မိခင်များနှင့် ဆုရကလေးများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)