ချင်းပြည်နယ်

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ အမှတ် (၁၆) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲနှင့် အမှတ် (၁၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင် (၁၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ကန်ပက်လက်မြို့၌ ဥပဒေအထောက်အကူပေးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင်စတင်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း ပွဲကြည့်စင်များ တည်ဆောက်မှု ၆၅ ရာခိုင်နှုန်းပြီးစီး

ချင်ပြည်နယ်၏ အထင်ရှားဆုံး ဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင် အားကစားကွင်း၏ ပွဲကြည့်စင်များကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်က တည်ဆောက်ခဲ့ရာ ပျက်စီး ယိုယွင်းခဲ့သဖြင့် ချင်းပြည်နယ် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင် ထံမှ သိရသည်။

တီးတိန်မြို့နယ်အတွင်း ဆောင်ရွက်သည့် Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ စပါးခွံရေနွေးငွေ့စက်ဖြင့် ဝဥ ကုန်ကြမ်းကုန်ချော စက်ရုံဖွင့်လှစ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ရေနွေးငွေ့စက်ဖြင့် လည်ပတ်သော ဝဥကုန်ကြမ်း ကုန်ချော စက်ရုံသစ်ကို ယမန်နေ့ ညနေပိုင်းမှစ၍ စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ကျီခါးမြို့ ကိုဗစ်ကော်မတီအဖွဲ့မှ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်၌ လိုအပ်သည်များ တိုးမြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး‌ကော်မတီအဖွဲ့မှ နေရပ်ပြန်များအား ပြန်လည်လက်ခံပြီး ကျန်းမာရေး စစ်ဆေးမှုများ‌ ဆောင်ရွက်‌နေသည့် မြန်မာ-အိန္ဒိယ နယ်စပ် ခင်မန်းဂိတ်၌ လိုအပ်သည်များ တိုးမြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထန်တလန်မြို့၌ မြို့ဝင်မြို့ထွက်နေရာများရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့နယ်စည်ပင်သာယာစျေး ဆောင်ရွက် ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီအဖွဲ့ဝင် များသည် ထန်တလန်​မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နေရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့နယ်စည်ပင်သာယာစျေးများအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီက သွားရောက်စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၂) ဦးအား Swab နမူနာ (၂) ကြိမ်စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား စိစစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်လာရောက်သည့် ကလေးမြို့မှ Case-1975 နှင့် ခရီးစဉ်တစ်ခုတည်း လိုက်ပါစီးနင်းခဲ့ပြီး ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာသူအား စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိသားစုဝင်(၁၁) ဦးနှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine Centre တွင် ၁၄ ရက် အသွားအလာ ကန့်သတ်ထားရှိပြီး Swab နမူနာ (၂) ကြိမ်စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၆၈) စုအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှု (၈၅) ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်