စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မတူပီခရိုင်၊ မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ် - ၁၉ ကာလ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ်သန်း (၁၀၀) ဖြင့် ကျေးရွာ (၁၀) ရွာတွင် စီမံကိန်း လုပ်ငန်းများကိုလည်းကောင်း၊ ကိုဗစ် - ၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားသည့် အစီအစဉ် ကျေးရွာမတည် ရန်ပုံငွေ (Village Revolving Fund Project) (VRFP) စီမံကိန်းဖြင့် ကျေးရွာ (၇) ရွာတွင် ချေးငွေထုတ်ပေးမှု စီမံကိန်းကိုလည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယ ပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီး ဖြစ်ပါသည်။