ဟားခါးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနေပြည်သူများ လိုက်နာရမည့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

ဟားခါး       ဇန်နဝါရီ          ၁၉

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများ၌ နေထိုင်သူများ အနေဖြင့် မိမိအိမ် ပတ်ဝန်းကျင်၌ လောင်စာ၊ အမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မီးဖိုများ အသုံးပြုနေစဉ် သေချာစွာ စောင့်ကြည့်ရန်၊ ဟောင်းနွမ်းဆွေးမြည့်သည့် လျှပ်စစ်ဝါယာကြိုးများ၊ ပျက်စီးယိုယွင်းနေသော မီးခလုတ်များ၊ မီးခလုတ်ခုံများဖြင့် လျှပ်စစ်ဓါတ်အား အသုံးမပြုရန်၊ ရပ်ကွက်/ကျေးရွာအတွင်း ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် တရားမဝင် လောင်စာဆီများကို သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကား၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန် ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်သူများ လိုက်နာနိုင်ရန်အတွက်  တစ်အိမ်တက်ဆင်း အသိပညာပေး ခြင်းများအရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာ ပေးခြင်းများ၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာနိုင်ရန်  အပတ်စဉ် စနေနေ့တိုင်း လှည့်လည်အသိပေး ကြေညာခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ဥပဒေပုဒ်မ (၃၄) အရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဟားခါးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသျှန်နွန်မောင်ထံမှ သိရှိရသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)