တွန်းဇံ ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအား (၅၀)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ ယမန်နေ့က အဆင့်တိုးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ ပြည်သူ့ဆေးရုံသည် ၁၉၆၇ ခုနှစ်၊ တော်လှန်ရေးအစိုးရ ခေတ်ကာလတွင် ကျေးလက်ကျန်းမာရေးဌာနအဆင့်ဖြင့် ဖွင့်လှစ်ပေးခဲ့ရာ ၎င်းကျေးလက်ကျန်းမာရေးဌာန အဆောက်အဦကို တွန်းဇံမြို့နယ်ပြည်သူလူထုများမှ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ခဲ့ကြ သည်။ ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့တွင် တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီကောင်စီခေတ်ကာလတွင် (၁၆)ကုတင်ဆံ့ပြည်သူ့ဆေးရုံကို ကျပ်လေးသိန်းတစ်ထောင်ဖြင့် စတင်ဆောက်လုပ်၍ ၁၉၇၇ ခုနှစ်၊ မေလ(၃၀)ရက်နေ့တွင် ပြီးစီးခဲ့ပြီး ဇွန်လ(၁၆)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အကြောင်းကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်၍ (၅၀)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ် ပေးလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)