ဆမီး ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ ဒေသခံနေအိမ်များနှင့် တိုက်ပွဲရှောင်စခန်းများ ၌မီးဘေး လုံခြုံရေး လုပ်ငန်းစဉ်များကို ယမန်နေ့မှစ၍ နယ်မြေမီးသတ်စခန်းရှိ တာဝန်ရှိသူ များက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ လုပ်ငန်းစဉ်များပြုလုပ်ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးမှူးက မီးကိုအသုံးပြုပြီး ပါက မီးကြွင်း မီးကျန် မရှိစေရေး၊ ကလေးသူငယ်များ၊ သက်ကြီ:ရွယ်အိုများ၊ မသန်စွမ်းသူများ နှင့်စိတ်မနှံ့ သူများအားမီးဖိုတွင် ချက်ပြုတ်မှုမရှိစေရေး၊လမ်းလျှောက်စဉ် ဆေးလိပ်မသောက ်စေရေး၊ အရေး ပေါ်မီးငြိမ်းသတ်ရေး ပစ္စည်းများ ဖြစ်သော မီးချိတ်၊ မီးကပ်၊ သံပုံး၊ ရေပုံ:၊ လှေကားနှင့်မီးသတ် ဆေးဗူးများ ထားရှိရေး ဟောင်းနွမ်းချို့ယွင်းနေသော မီးကြိုး၊ လျှပ်စစ် ပစ္စည်းများ အသုံ:မပြုရေးတို့ကိုပြော ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါသည်ပွင့်လင်း ခြောက်သွေ့သောရာသီသို့ရောက်ရှိလာပြီဖြစ်၍ ဆမီးမြို့အတွင်း မီးကိုမဆင်မခြင် သုံးစွဲမှုတို့ကြောင့် မီးဘေးအန္တရယ်များမဖြစ်ပွားစေရေးအတွက်ဆောင်ရွက်တာ ဖြစ်ပြီး တိုက်ပွဲရှောင်စခန်းများ အားလုံးနှင့်မြို့ခံနေအိမ်များအား နေ့စဉ် နံနက်(၀၄:၀၀)နာရီ မှ (၁၀:၀၀)နာရီအထိ ညနေ(၃:၀၀)နာရီမှ (၇:၀၀)နာရီအထိ မီးသုံးစွဲရန် အချိန်သတ်မှတ်ပေးပြီး ပညာပေးကာလဖြင့်ဆောင်ရွက်တာဖြစ်ပြီး နောက်ပိုင်းတွင် ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးကိုကိုမောင် ကပြောကြားခဲ့သည်။
လဲ့လဲ့ခိုင်(ဆမီး)