ချင်းပြည်နယ်

လိုင်လင်းပီမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ(ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကျင်းပ

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ် ပြင်ဆင်သည့်) နည်းဉပဒေ အသိပညာပေး ရှင်းလင်းပွဲကို ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။

မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign)လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် (Mask Campaign) လှုပ်ရှားမှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မတူပီမြို့ ရှစ်လမ်းဆုံမှ စန်ဘောင်လမ်းဆုံအထိ တစ်အိမ်တက်ဆင်း အသိပညာ ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန်ပက်လက်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းများဆိုင်ရာ အစည်းအဝေးပြုလုပ်

မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီကကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းညှိနှိုင်းစည်းဝေးခြင်း အစည်းအဝေးကို ကန်ပက်လက်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် ခိုင်ကမ်းမြို့ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်များသို့ ကြည့်ရှုအားပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်နှင့် ပူးပေါင်းစစ်ဆေးရေးဂိတ်များသို့ ယမန်နေ့ ညနေက ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

တီးတိန်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ထန်တလန်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနနှင့်မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။

ခိုင်ကမ်း၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဒေသထွက် မျောက်ငိုသီးများ ရောင်းအားကျဆင်း

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းလျက် နေထိုင်ကြသည်။

မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) လှုပ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးဆောင်မှုဖြင့် Physical Fitness Dance ပြိုင်ပွဲ ၀င် အဖွဲ့များနှင့်အတူ ယနေ့တွင် စန်ဘောင်လမ်းဆုံနှင့် ရှစ်လမ်းဆုံ၌ Mask Campaign လှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်