ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှုများကြောင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

ဖလမ်း  ဇန်နဝါရီ  ၁၉

ဖလမ်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ဒေသတွင်းကူးစက်မှုများ (Local Transmission) ရှိနေပါသဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ နှင့် အရက်ဆိုင်များတွင် လူစု လူဝေးခြင်း မရှိစေရေး ဆိုင်ထိုင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းရန် ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခြင်းကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ပထမအကြိမ် ပါဆယ်စနစ်ဖြင့် ရောင်းချစေခဲ့ပြီးဖြစ်သည်။

ယခုအခါ ဖလမ်းမြို့၌ ဒေသတွင်းကူးစက်မှု (Local Transmission)များ ရှိလာခြင်းကြောင့် ဆိုင်ရှင်များနှင့် စားသုံးသူအများ ပြည်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်အသုံးပြု၍ ပါဆယ်စနစ်ဖြင့် ရောင်းချ/ဝယ်ယူခြင်းများ ယနေ့မှစ၍ လိုက်နာဆောင်ရွက်ရန် ဒုတိယအကြိမ် ပြန်လည် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စားသောက်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လိုက်နာခြင်း မရှိပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဂျွန်