ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် ခိုင်ကမ်းမြို့ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်များသို့ ကြည့်ရှုအားပေး

ခိုင်ကမ်း         ဇန်နဝါရီ        ၁၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးရေးဂိတ်နှင့် ပူးပေါင်းစစ်ဆေး ရေးဂိတ်များသို့ ယမန်နေ့ ညနေက ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများ Volunteer အဖွဲ့များသို့ ချင်းပြည်နယ် မြောက်ပိုင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးရေးသည် ခိုင်ကမ်းမြို့အဝင်အထွက် ဂိတ်မှ အဓိကဖြစ်ကြောင်း၊ အရေးကြီးကုန်စည်တင်ယာဉ်များစစ်ဆေးရာတွင် အခက်အခဲ များရှိသော်လည်း ဝန်ထမ်းများ အနေဖြင့် စေတနာပြည့်ဝစွာဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးသည့် လုပ်ငန်းအတွက် လုပ်ငန်းသုံးပစ္စည်းများလိုအပ်ပါက အချိန်မီရောက်ရှိ ထောက်ပံ့နိုင်ရေး အမြန်တင်ပြကြရန် နှင့် အခြားလိုအပ်ချက်များရှိပါက တင်ပြတောင်းခံကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)