သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဝယ်လိုအားကောင်း
သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများအရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှကော်ဖီစိုက်ပျိုးနည်းပညာ များကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပြီး ယခင်နှစ်ကော်ဖီမှုန့် တစ်ပိဿာလျှင်ကျပ်(၆၀၀၀၀)မှကျပ်(၆၅၀၀၀) ရရှိကာ ယခုနှစ်တွင်ကော်ဖီမှုန့်တစ်ပိဿာလျှင် ကျပ်၇၀၀၀၀မှ ကျပ်၇၅၀၀၀အထိ ဈေးကောင်းရရှိလျက်ရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးစောသာဝါးထံမှ သိရသည်။