မြဝတီမြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူ

မြဝတီ        အောက်တိုဘာ ၆

သာသနာတော်နှစ်၂၅၆၉ ခုနှစ်၊ကောဇာသက္ကရာဇ်၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့နံနက် (၆:၀၀)နာရီတွင်ကရင်ပြည်နယ် မြဝတီခရိုင်၊မြဝတီမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား “ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့်စုပေါင်းဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲတော်”ကို ကျင်းပသည်။

ဦးစွာ  မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက်ဦးစီးပဓာန နာယက ဒေါက်တာပညာနန္ဒနှင့်သြဝါဒ စရိယ ဆရာတော်များဦးဆောင်ပြီး ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့်စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို ဆောင်ရွက်တော်မူကြသည်။ ယင်းနောက်  ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တသုတ်ပရိတ်တရားတော်များနာယူကြည်ညိုပူဇော်ကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် (၂)ဦးစိန်သောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်မြတ်များထံလှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်မြသုခ (၂၇၅)တပ်ဦးကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာပညာနန္ဒ ဆရာတော် ထံမှ အနုမောဒနာတရားများနာကြား၍ ရေစက်သွန်းချ အမျှတန်းပေးဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန်​စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဗုဒ္ဓဘိသေအနေကဇာတင်ပွဲနှင့် စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်းကို သြဝါဒဆရာတော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် (၇)ရက်သားသမီးများ စုပေါင်းကပ်လှူ ပူဇော်ခဲ့ကြကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)