ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၉နာရီ၌ သတ်မှတ်မဲရုံများ စီမံပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများက မြဝတီမြို့ပေါ်/ကျေးရွာများရှိ သတ်မှတ်မဲရုံ ပြင်ဆင်နေရာ ချထားမှုအခြေအနေနှင့် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း စီမံပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစိစစ်ခဲ့ကြသည်။