သံတောင်ကြီး ဧပြီ ၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များကစာရေးဆရာ မောင်သစ်ဆင်း၏ကြောက်စိတ်နဲ့ကလေးတို့မနက်ဖြန်စာအုပ်အား ယနေ့နံနက် (၁၀) နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အဲလာ (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာခေါင်းစဉ်ငယ်များဖြစ်သည့် သူတို့ကိုယ်တို့ အချန်ဓလေ့၊ မုသား၊ ပိုက်ဆံနဲ့ချမ်းမြေ့သုခ၊ အံသွားနှစ်ချောင်း၏ အတ္ထုပ္ပတ္တိစသည့်အကြောင်းအရာများအားစာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်သည်။
ဆက်လက်ပြီး စောသူထော်မူး(Youth Club) အဖွဲ့ဝင်က အပြောင်းအလဲ၊ ကျောင်းကောင်း၊ ပညာ လူအဖွဲ့အစည်း၊ ကလေးတို့မနက်ဖြန်စသည့် အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသော (Book Club /Youth Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့မနက်ဖြန် စာအုပ်ကို ဖတ်ရှုခြင်း ဖြင့် ကျောင်သူ/ကျောင်းသားများ အသိပညာအတတ်ပညာများကို လုံ့လ၊ ဝီရိယရှိရှိ သင်ယူလိုမှုရှိစေခြင်း၊ မုသားမပါသောစကားများ ပြောဆိုတတ်ခြင်း၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေကြောင်း သိရသည်။
နော်နော်မူ