(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် သီရိလမ်းကားပါကင်နေရာ တိုးချဲ့ခြင်း၊ ရေမြောင်း ပလက်ဖောင်းပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းဖွင့်ပွဲ ကျင်းပ
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းနှင့်ဖြည့်စွက်ရန်ပုံငွေ (၂၆၈၇ ဒဿမ ၉)သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်း ဘေးဝဲယာကားပါကင်နေရာတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့က အဆိုပါ လမ်းဆုံနေရာ၌ ကျင်းပခဲ့သည်။